၄ညအိပ် ၅ရက်

ဘာလီ ခရီးစဉ်ပက်ကေ့ချ်

( ညစာ )

Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီးနောက် ဒေသခံခရီးစဉ်လမ်းညွှန်မှ နွေးထွေးစွာ ကြိုဆိုပေးမည်ဖြစ်ပါသည်။ ထို့နောက် Kuta Beach သို့ သွားရောက်ကာ နေဝင်ချိန်အလှကို ခံစားကြည့်ရှုပါမည်။ ဆက်လက်၍ Beachwalk Shopping Center တွင် ဈေးဝယ်ထွက်ပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ၃-ကြယ်အဆင့် ဟိုတယ်သို့ ပို့ဆောင်ကာ Check-in ဝင်ပြီး တည်းခိုအနားယူပါမည်။

 

( နံနက်စာ / နေ့လယ်စာ / ညစာ )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Tegallalang Rice Terrace သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Bali Coffee Plantation သို့ သွားရောက်ကာ ကော်ဖီစိုက်ခင်းများကို လေ့လာပါမည်။ ဆက်လက်၍ Sacred Monkey Forest Sanctuary သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Ubud Palace နှင့် Ubud Art Market သို့ သွားရောက်လည်ပတ်ပြီး ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ညအိပ်ရန် ဘာလီရှိ ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပါမည်။

( နံနက်စာ / နေ့လယ်စာ / ညစာ )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Sanur Harbor သို့ သွားရောက်ကာ အမြန်ရေယာဉ်ဖြင့် Nusa Penida ကျွန်း သို့ သွားပါမည်။ ထို့နောက် Kelingking Beach၊ Broken Beach နှင့် Angel’s Billabong တို့သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လယ်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဘာလီသို့ အမြန်ရေယာဉ်ဖြင့် ပြန်လည်ထွက်ခွာပါမည်။ ဘာလီရှိ ဟိုတယ်တွင် ညအိပ်တည်းခိုပါမည်။

( နံနက်စာ / နေ့လယ်စာ / ညစာ )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Melasti Beach သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Uluwatu Temple သို့ သွားရောက်ကာ နာမည်ကျော် Kecak Fire Dance အကဖျော်ဖြေမှုကို ကြည့်ရှုခံစားပါမည်။ ညစာကို Jimbaran Beach တွင် ပင်လယ်စာများဖြင့် သုံးဆောင်ပြီးနောက် ဘာလီရှိ ဟိုတယ်တွင် ညအိပ်တည်းခိုပါမည်။

( နံနက်စာ )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check-out ပြုလုပ်ပါမည်။ ထို့နောက် အားလပ်ချိန်အဖြစ် အပန်းဖြေအနားယူခြင်း သို့မဟုတ် နောက်ဆုံးအချိန် ဈေးဝယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ Check-out ပြုလုပ်ပြီးနောက် Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပို့ဆောင်ပေးပါမည်။

ခရီးစဉ်ဝန်ဆောင်မှုများ ပြီးဆုံးပါပြီ။

ပါဝင်သော ဝန်ဆောင်မှုများနှင့် ပါဝင်မည်မဟုတ်သော ဝန်ဆောင်မှုများ

ပါဝင်သော ဝန်ဆောင်မှုများ
  • ကြယ်၃ပွင့်-၄ပွင့် အဆင့်ရှိ ဟိုတယ်များတွင် ၄ ည တည်းခိုခွင့်
  • နိုင်ငံတကာ အသွားအပြန် လေယာဉ်လက်မှတ်
  • ခရီးစဥ်တွင် သတ်မှတ်ထားသည့်အတိုင်း အစားအသောက်များ (နံနက်စာ၊ နေ့လယ်စာ၊ ညစာ)
  • ခရီးစဥ်တွင်ပါရှိသည့် လည်ပတ်မည့်နေရာများ၏ ဝင်ကြေးများ အားလုံး
  • ခရီးစဉ်တစ်လျှောက်လုံး အဲကွန်းပါတဲ့ ကားနဲ့ သက်တောင့်သက်သာ လိုက်ပါပို့ဆောင်ပေးခြင်း
  • မြန်မာနိုင်ငံခရီးစဉ်တာဝန်ခံ (ခရီးသည် ၁၀ ဦးနှင့်အထက် အုပ်စုများအတွက် အကျုံးဝင်ပါသည်)
  • အင်္ဂလိပ်ဘာသာစကား ပြောဆိုနိုင်သော ခရီးသွားလမ်းညွှန်
  • ခရီးသွား အာမခံ အကျုံးဝင်မှုများ
မပါဝင်သော ဝန်ဆောင်မှုများ
  • ဟိုတယ်၊ ဘား နှင့် အခြားဆိုင်များရှိ စားသောက်စရိတ်များ အပါအဝင် ကိုယ်ရေးကိုယ်တာ သုံးစွဲစရိတ်များ
  • ခရီးစဉ်အသေးစိတ်တွင် မပါဝင်သော အခြား ရွေးချယ်စရာ လည်ပတ်မှုများနှင့် ခရီးစဉ်များ
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအတွက်ဆုကြေးငွေ
ဆက်သွယ်ရန်

ယုံကြည်စိတ်ချစွာဖြင့် သင့်အတွက် ထူးခြားသောခရီးစဉ်ကို စီစဉ်လိုက်ပါ

သင့်ရဲ့ နောက်ထပ်စွန့်စားခရီးစဉ်အတွက် အဆင်သင့်ဖြစ်ပြီလား?အေးချမ်းစွာ အပန်းဖြေခရီးထွက်မည့် ပြည်တွင်းခရီးစဉ်ဖြစ်စေ၊ နိုင်ငံတကာခရီးစဉ်ဖြစ်စေ စီစဉ်နေပါက အောက်ပါဖောင်ကို ဖြည့်စွက်ပေးပါ။ ကျွန်ုပ်တို့၏ ခရီးသွားဝန်ဆောင်မှုကျွမ်းကျင်သူများက သင့်လိုအပ်ချက်နှင့် ကိုက်ညီသော ခရီးစဉ်ရွေးချယ်စရာများကို စီစဉ်ပေးပြီး စိတ်အေးချမ်းစွာ ခရီးသွားနိုင်ရန် အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။

⇡