အာရှတစ်လွှားနှင့် ကမ္ဘာတလွှားသို့ စိတ်အေးချမ်းသာစွာဖြင့် ခရီးသွားလာနိုင်ဖို့ ကျွန်ုပ်တို့နှင့် လက်တွဲလိုက်ပါ။ ခရီးစဉ်စိုမံဘိုကင်များ၊ ဗီဇာလျှောက်ထားခြင်းဆိုင်ရာ ကူညီဆောင်ရွက်ပေးမှုများနှင့် သင်စိတ်တိုင်းကျ ဖန်တီးထားသည့် ခရီးစဉ်အတွေ့အကြုံများကို အစမှအဆုံး တာဝန်ယူဆောင်ရွက်ပေးနေပါသည်။
အထူးသဖြင့် ထိုင်းနိုင်ငံအပါအဝင် အာရှတစ်ခွင်ရှိ ခိုင်မာသော ကွန်ရက်များနှင့်အတူ တစ်ဦးတည်းထွက်ခွာမည့် ခရီးသွားများ၊ မိသားစုများနှင့် ကုမ္ပဏီအဖွဲ့အစည်းများအတွက် သက်သာစွာဖြင့် အကောင်းဆုံးနှင့် အမှတ်တရဖြစ်ကျန်စေမည့် ခရီးစဉ်များကို ဖန်တီးပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံသား တိုင်းအတွက် ခရီးသွားလာခြင်းကို အခက်အခဲမရှိ လွယ်ကူစေရန်၊ ပျော်ရွှင်ချောမွေ့စေရန်နှင့် စိတ်အေးချမ်းသာစွာ ခရီးသွားနိုင်ရန် ဖြစ်ပါသည်။ ကမ္ဘာကြီးကို လှည့်ပတ်ကြည့်ရှုခြင်းသည် လူတို့၏ စိတ်နှလုံးနှင့် အမြင်များကို ပိုမိုကျယ်ပြန့်ပွင့်လင်းစေသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။
ကျွန်ုပ်တို့၏ မျှော်မှန်းချက်မှာ ထူးချွန်ထက်မြက်သော ဝန်ဆောင်မှုများ၊ အဓိပ္ပာယ်ပြည့်ဝသည့် ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံများနှင့်အတူ မြန်မာနိုင်ငံ၏ စိတ်အချရဆုံး ခရီးသွားဖော်မွန်အဖြစ် ရပ်တည်သွားရန် ဖြစ်ပါသည်။