၃ညအိပ် ၄ရက်

ဒါနန်း – ဟွိုင်အန် ခရီးစဉ်ပက်ကေ့ချ်

( ညစာ )

ညနေပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒါနန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာပါမည်။ ဒါနန်းသို့ ရောက်ရှိပြီးနောက် ၃ ကြယ်အဆင့် ဟိုတယ်သို့ ပို့ဆောင်ကာ Check-in ဝင်ရောက်ပါမည်။ ထို့နောက် ဒေသခံစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ အနားယူကာ ညအိပ်အနားယူပါမည်။

( နံနက်စာ / နေ့လယ်စာ / ညစာ )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်နိုင်ငံ၏ အလှပဆုံး တောင်ပေါ်ခရီးသွားနေရာများထဲမှ တစ်ခုဖြစ်သည့် Ba Na Hills သို့ သွားရောက်ပါမည်။
အရှေ့တောင်အာရှတွင် အရှည်လျားဆုံး Cable Car စနစ်များထဲမှ တစ်ခုဖြစ်သည့် ကမ္ဘာကျော် Cable Car စီးနင်းကာ Ba Na တောင်ပေါ်ရှိ French Village သို့ တက်ရောက်ပါမည်။ရောက်ရှိပြီးနောက် ပင်လယ်ရေမျက်နှာပြင်အထက် ၁,၄၈၇ မီတာအမြင့်တွင် တည်ရှိသော Ba Chua Thuong Ngan Pagoda သို့ သွားရောက်ဖူးမြော်ပါမည်။

ထို့နောက် စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အပန်းဖြေကစားနည်းများစွာ ပါဝင်သည့် Indoor Amusement Park ဖြစ်သော Fantasy Park သို့ သွားရောက်လည်ပတ်ပါမည်။ဆက်လက်၍ ဗီယက်နမ်နိုင်ငံ၏ နာမည်ကျော်အထင်ကရနေရာတစ်ခုဖြစ်သည့် Golden Bridge သို့ သွားရောက်ကာ အံ့မခန်းတောင်တန်းရှုခင်းများကို ခံစားပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ပါသည်။

နေ့လယ်စာကို Ba Na Hills တွင် Buffet ဖြင့် သုံးဆောင်ပါမည်။ ညနေပိုင်းတွင် ဒါနန်းမြို့သို့ ပြန်လည်ဆင်းလာပြီး ဒေသခံစားသောက်ဆိုင်တွင် ဗီယက်နမ်ရိုးရာညစာ သုံးဆောင်ပါမည်။ထို့နောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ကာ ညအိပ်အနားယူပါမည်။

( နံနက်စာ / နေ့လယ်စာ / ညစာ )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Son Tra Peninsula ပေါ်တွင် တည်ရှိပြီး ဗီယက်နမ်နိုင်ငံ၏ အမြင့်ဆုံး Lady Buddha ရုပ်ပွားတော် တည်ရှိရာ Linh Ung Pagoda (Lady Buddha) သို့ သွားရောက်လည်ပတ်ပါမည်။လမ်းခရီးတွင် နာမည်ကျော် Dragon Bridge ၌ ခဏတာရပ်နားပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ပါသည်။

နေ့လယ်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် Cam Thanh Coconut Village သို့ သွားရောက်ကာ အုန်းတောများအတွင်း ရိုးရာ Bamboo Basket Boat စီးနင်းခြင်းကို ထူးခြားစွာ ခံစားနိုင်ပါသည်။

ညနေပိုင်းတွင် အဝါရောင်အဆောက်အအုံများနှင့် ရောင်စုံမီးပုံးများကြောင့် နာမည်ကျော်ကြားသည့် ချစ်စရာကောင်းသော ရှေးဟောင်းမြို့ Hoi An သို့ ဆက်လက်သွားရောက်လည်ပတ်ပါမည်။ ညစာအဖြစ် BBQ သုံးဆောင်ပြီးနောက် ဒါနန်းမြို့သို့ ပြန်လည်ထွက်ခွာကာ ဟိုတယ်တွင် ညအိပ်အနားယူပါမည်။

( နံနက်စာ / နေ့လယ်စာ )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check-out ပြုလုပ်ကာ လှပသော My Khe Beach သို့ သွားရောက်လည်ပတ်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ပါသည်။ထို့နောက် ဒါနန်းမြို့၏ လူကြိုက်များသော ဈေးဝယ်နေရာတစ်ခုဖြစ်သည့် Han Market သို့ သွားရောက်ကာ ဒေသထွက်ကုန်ပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်ပါသည်။

နေ့လယ်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် ဝါးထုတ်ကုန်များနှင့် လက်မှုပစ္စည်းမျိုးစုံ ရောင်းချသည့် Than Tre Shop သို့ သွားရောက်လည်ပတ်ပါမည်။ ညနေပိုင်းတွင် Da Nang International Airport သို့ ပို့ဆောင်ကာ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် ဒါနန်းမှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။

လေယာဉ်ပေါ်တွင် ညစာသုံးဆောင်ပြီး ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိကာ ပျော်ရွှင်ဖွယ်အမှတ်တရများနှင့်အတူ ခရီးစဉ်ကို အဆုံးသတ်ပါမည်။

ပါဝင်သော ဝန်ဆောင်မှုများနှင့် ပါဝင်မည်မဟုတ်သော ဝန်ဆောင်မှုများ

ပါဝင်သော ဝန်ဆောင်မှုများ
  • ကြယ်၃ပွင့်-၄ပွင့် အဆင့်ရှိ ဟိုတယ်များတွင် ၃ ည တည်းခိုခွင့်
  • နိုင်ငံတကာ အသွားအပြန် လေယာဉ်လက်မှတ်
  • ခရီးစဥ်တွင် သတ်မှတ်ထားသည့်အတိုင်း အစားအသောက်များ (နံနက်စာ၊ နေ့လယ်စာ၊ ညစာ)
  • ခရီးစဥ်တွင်ပါရှိသည့် လည်ပတ်မည့်နေရာများ၏ ဝင်ကြေးများ အားလုံး
  • ခရီးစဉ်တစ်လျှောက်လုံး အဲကွန်းပါတဲ့ ကားနဲ့ သက်တောင့်သက်သာ လိုက်ပါပို့ဆောင်ပေးခြင်း
  • မြန်မာနိုင်ငံခရီးစဉ်တာဝန်ခံ (ခရီးသည် ၁၀ ဦးနှင့်အထက် အုပ်စုများအတွက် အကျုံးဝင်ပါသည်)
  • အင်္ဂလိပ်ဘာသာစကား ပြောဆိုနိုင်သော ခရီးသွားလမ်းညွှန်
  • ခရီးသွား အာမခံ အကျုံးဝင်မှုများ
မပါဝင်သော ဝန်ဆောင်မှုများ
  • ဟိုတယ်၊ ဘား နှင့် အခြားဆိုင်များရှိ စားသောက်စရိတ်များ အပါအဝင် ကိုယ်ရေးကိုယ်တာ သုံးစွဲစရိတ်များ
  • ခရီးစဉ်အသေးစိတ်တွင် မပါဝင်သော အခြား ရွေးချယ်စရာ လည်ပတ်မှုများနှင့် ခရီးစဉ်များ
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအတွက်ဆုကြေးငွေ
ဆက်သွယ်ရန်

ယုံကြည်စိတ်ချစွာဖြင့် သင့်အတွက် ထူးခြားသောခရီးစဉ်ကို စီစဉ်လိုက်ပါ

သင့်ရဲ့ နောက်ထပ်စွန့်စားခရီးစဉ်အတွက် အဆင်သင့်ဖြစ်ပြီလား?အေးချမ်းစွာ အပန်းဖြေခရီးထွက်မည့် ပြည်တွင်းခရီးစဉ်ဖြစ်စေ၊ နိုင်ငံတကာခရီးစဉ်ဖြစ်စေ စီစဉ်နေပါက အောက်ပါဖောင်ကို ဖြည့်စွက်ပေးပါ။ ကျွန်ုပ်တို့၏ ခရီးသွားဝန်ဆောင်မှုကျွမ်းကျင်သူများက သင့်လိုအပ်ချက်နှင့် ကိုက်ညီသော ခရီးစဉ်ရွေးချယ်စရာများကို စီစဉ်ပေးပြီး စိတ်အေးချမ်းစွာ ခရီးသွားနိုင်ရန် အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။

⇡