၄ညအိပ် ၅ရက်

ချင်းမိုင် – ချင်းရိုင် ခရီးစဉ်ပက်ကေ့ချ်

( နေ့လည်စာ / ညစာ )

ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပါက ဒေသခံ Tour Guide မှ နွေးထွေးစွာ ကြိုဆိုပေးပါမည်။ ထို့နောက် ချင်းမိုင်မြို့၏ ထင်ရှားပြီး အထွတ်အမြတ်ထားရာ ဘုရားကျောင်းတစ်ခုဖြစ်သည့် Wat Phra That Doi Suthep သို့ သွားရောက်လည်ပတ်ပါမည်။

ဒေသခံစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပြီးနောက် လှပသောရှုခင်းများကို ခံစားကြည့်ရှုနိုင်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်သည့် Mon Jam Flower Garden and Sheep Farm သို့ ဆက်လက်သွားရောက်ပါမည်။

ထို့နောက် ချင်းမိုင်မြို့ Old City အတွင်းရှိ သမိုင်းဝင်ဘုရားကျောင်း Wat Chedi Luang သို့ သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ ချင်းမိုင်မြို့၏ ထင်ရှားသော သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် Tha Phae Gate သို့ သွားရောက်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ပါမည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ချင်းမိုင်ရှိ 3-Star Hotel သို့ ပြန်လည်ပို့ဆောင်ကာ Check-in ဝင်ရောက်ပြီး ညအိပ်အနားယူပါမည်။

( နံနက်စာ / နေ့လည်စာ / ညစာ )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Check-out ပြုလုပ်ကာ သဘာဝအလှများဖြင့် ဝန်းရံထားသည့် တောင်ပေါ်ရွာလေး Mae Kampong Village သို့ ထွက်ခွာပါမည်။ ရွာအတွင်း လွတ်လပ်စွာ လည်ပတ်ကြည့်ရှုရန် အားလပ်ချိန်ရရှိပြီးနောက် Rock’n River Restaurant တွင် နေ့လည်စာသုံးဆောင်ပါမည်။

ထို့နောက် ချင်းရိုင်မြို့သို့ ဆက်လက်ထွက်ခွာကာ ထင်ရှားလှပသည့် Wat Huay Pla Kang ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ Lalitta Café သို့ သွားရောက်ကာ ရှုခင်းကြည့်ရှုခြင်းနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ပါမည်။ (အစားအသောက်နှင့် အဖျော်ယမကာများ မပါဝင်ပါ)။

ထို့နောက် ကမ္ဘာကျော် Wat Rong Khun (White Temple) နှင့် Wat Rong Suea Ten (Blue Temple) တို့သို့ သွားရောက်လည်ပတ်ကာ ထူးခြားလှပသည့် ဗိသုကာလက်ရာများကို ကြည့်ရှုခံစားပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ပါမည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ချင်းရိုင်ရှိ 3-Star Hotel သို့ သွားရောက် Check-in ဝင်ကာ ညအိပ်အနားယူပါမည်။

( နံနက်စာ / နေ့လည်စာ / ညစာ )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Check-out ပြုလုပ်ကာ Mae Sai မြို့ရှိ Wat Phra That Doi Wao တွင် တည်ရှိသော Sky Walk Glass Bridge သို့ သွားရောက်လည်ပတ်ပါမည်။

ထို့နောက် ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံတို့ ဆုံစည်းရာ Golden Triangle သို့ ဆက်လက်သွားရောက်ပါမည်။ Mekong River တစ်လျှောက် လှေစီးခရီးဖြင့် ရှုခင်းများကို ခံစားကြည့်ရှုကာ Don Sao Market တွင် ဈေးဝယ်ခြင်းနှင့် လည်ပတ်ကြည့်ရှုခြင်းများ ပြုလုပ်နိုင်ပါမည်။

မှတ်ချက် – ဤခရီးစဉ်အတွက် Passport မိတ္တူ လိုအပ်ပါသည်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် လှပသော စိုက်ပျိုးရေးဥယျာဉ် Singha Park သို့ သွားရောက်ကာ ဥယျာဉ်အတွင်း Tram စီးပြီး လည်ပတ်ကြည့်ရှုပါမည်။

ထို့နောက် ချင်းမိုင်မြို့သို့ ခန့်မှန်းခြေ ၃ နာရီခန့် ကားဖြင့် ခရီးဆက်ပါမည်။ လမ်းခရီးတွင် ဒေသခံစားသောက်ဆိုင်၌ ညစာသုံးဆောင်ပါမည်။ ချင်းမိုင်မြို့သို့ ရောက်ရှိပါက ဟိုတယ်တွင် Check-in ဝင်ရောက်ပြီး ညအိပ်အနားယူပါမည်။

( နံနက်စာ / နေ့လည်စာ )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ချင်းမိုင်မြို့မှ ကားဖြင့် ခန့်မှန်းခြေ ၂ နာရီခန့် ကြာမြင့်သည့် Doi Inthanon National Park သို့ ထွက်ခွာပါမည်။ ထို့နောက် လှပသော Wachirathan Waterfall သို့ သွားရောက်လည်ပတ်ပြီး ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်သို့ ဆက်လက်သွားရောက်ပါမည်။

ထို့နောက် နာမည်ကျော် King and Queen Pagodas (Twin Royal Stupas) သို့ သွားရောက်လည်ပတ်ကာ ပတ်ဝန်းကျင်ရှိ တောင်တန်းများ၏ အလှအပမြင်ကွင်းများကို အပေါ်စီးမှ ခံစားကြည့်ရှုနိုင်ပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။

ချင်းမိုင်မြို့သို့ ပြန်လည်ရောက်ရှိပြီးနောက် Central Festival Chiang Mai Shopping Mall တွင် ဈေးဝယ်ရန် အားလပ်ချိန်ရရှိပါမည်။ ညစာကို Food Court တွင် မိမိအစီအစဉ်ဖြင့် သုံးဆောင်ရမည်ဖြစ်ပြီး ကုန်ကျစရိတ်ကို ကိုယ်တိုင်ကျခံရပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ကာ ညအိပ်အနားယူပါမည်။

( နံနက်စာ )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Check-out ပြုလုပ်ကာ ချင်းမိုင်မြို့၏ ထင်ရှားပြီး အထွတ်အမြတ်ထားရာ ဘုရားကျောင်းတစ်ခုဖြစ်သည့် Wat Phra That Doi Kham သို့ သွားရောက်လည်ပတ်ပါမည်။

လည်ပတ်ပြီးနောက် ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ပေးပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။ မွန်းလွဲပိုင်းတွင် ရန်ကုန်သို့ ရောက်ရှိပြီး အမှတ်တရကောင်းများဖြင့် ခရီးစဉ်ကို အဆုံးသတ်ပါမည်။

ပါဝင်သော ဝန်ဆောင်မှုများနှင့် ပါဝင်မည်မဟုတ်သော ဝန်ဆောင်မှုများ

ပါဝင်သော ဝန်ဆောင်မှုများ
  • ကြယ်၃ပွင့်-၄ပွင့် အဆင့်ရှိ ဟိုတယ်များတွင် ၄ ည တည်းခိုခွင့်
  • နိုင်ငံတကာ အသွားအပြန် လေယာဉ်လက်မှတ်
  • ခရီးစဥ်တွင် သတ်မှတ်ထားသည့်အတိုင်း အစားအသောက်များ (နံနက်စာ၊ နေ့လယ်စာ၊ ညစာ)
  • ခရီးစဥ်တွင်ပါရှိသည့် လည်ပတ်မည့်နေရာများ၏ ဝင်ကြေးများ အားလုံး
  • ခရီးစဉ်တစ်လျှောက်လုံး အဲကွန်းပါတဲ့ ကားနဲ့ သက်တောင့်သက်သာ လိုက်ပါပို့ဆောင်ပေးခြင်း
  • မြန်မာနိုင်ငံခရီးစဉ်တာဝန်ခံ (ခရီးသည် ၁၀ ဦးနှင့်အထက် အုပ်စုများအတွက် အကျုံးဝင်ပါသည်)
  • အင်္ဂလိပ်ဘာသာစကား ပြောဆိုနိုင်သော ခရီးသွားလမ်းညွှန်
  • ခရီးသွား အာမခံ အကျုံးဝင်မှုများ
မပါဝင်သော ဝန်ဆောင်မှုများ
  • ဟိုတယ်၊ ဘား နှင့် အခြားဆိုင်များရှိ စားသောက်စရိတ်များ အပါအဝင် ကိုယ်ရေးကိုယ်တာ သုံးစွဲစရိတ်များ
  • ခရီးစဉ်အသေးစိတ်တွင် မပါဝင်သော အခြား ရွေးချယ်စရာ လည်ပတ်မှုများနှင့် ခရီးစဉ်များ
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအတွက်ဆုကြေးငွေ
ဆက်သွယ်ရန်

ယုံကြည်စိတ်ချစွာဖြင့် သင့်အတွက် ထူးခြားသောခရီးစဉ်ကို စီစဉ်လိုက်ပါ

သင့်ရဲ့ နောက်ထပ်စွန့်စားခရီးစဉ်အတွက် အဆင်သင့်ဖြစ်ပြီလား?အေးချမ်းစွာ အပန်းဖြေခရီးထွက်မည့် ပြည်တွင်းခရီးစဉ်ဖြစ်စေ၊ နိုင်ငံတကာခရီးစဉ်ဖြစ်စေ စီစဉ်နေပါက အောက်ပါဖောင်ကို ဖြည့်စွက်ပေးပါ။ ကျွန်ုပ်တို့၏ ခရီးသွားဝန်ဆောင်မှုကျွမ်းကျင်သူများက သင့်လိုအပ်ချက်နှင့် ကိုက်ညီသော ခရီးစဉ်ရွေးချယ်စရာများကို စီစဉ်ပေးပြီး စိတ်အေးချမ်းစွာ ခရီးသွားနိုင်ရန် အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။

⇡