ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ကျွန်ုပ်တို့၏ လမ်းပြမှ ကြိုဆိုနှုတ်ဆက်ကာ ဟိုတယ်သို့ ပို့ဆောင်၍ တည်းခိုခန်းဝင်ရောက်ရန် စီစဉ်ပေးပါမည်။ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့တွင်းသို့ လှည့်လည်သွားလာရင်း မြန်မာနိုင်ငံ၏ အထင်ကရ အဆောက်အအုံကြီးဖြစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြပါမည်။ ရန်ကုန်မြို့တွင်ပင် တစ်ညတာ ညအိပ်ရပ်နားပါမည်။
မနက်စာသုံးဆောင်ပြီးနောက် ပြည်တွင်းလေယာဉ်ဖြင့် မြိတ်မြို့သို့ ထွက်ခွာရန် လေဆိပ်သို့ ကားဖြင့် ပို့ဆောင်ပေးပါမည်။ မြိတ်မြို့သို့ ရောက်ရှိချိန်တွင် ကျွန်ုပ်တို့၏ ယာဉ်မောင်းမှ ခရီးသည်များကို ရင်းနှီးနွေးထွေးစွာ ကြိုဆိုပြီး ဟိုတယ်သို့ ကားဖြင့် လိုက်လံပို့ဆောင်ပေးပါမည်။ အခန်းရရှိနိုင်မှုအပေါ်မူတည်၍ ဟိုတယ်သို့ စောစီးစွာ ဝင်ရောက်ခြင်း (Early Check-in) ကို စီစဉ်ဆောင်ရွက်ပေးနိုင်ပါသည်။
မနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ နံနက် (၇:၃၀) နာရီနှင့် (၈:၀၀) နာရီကြားတွင် လာရောက်ခေါ်ဆောင်သွားပါမည်။ ထို့နောက် ကျွန်းများသို့ အလည်အပတ်ခရီးစဉ် စတင်မည်ဖြစ်ပြီး ဒုန်ရေတံခွန်၊ မော်ကွန်း/ဆလုံတိုင်းရင်းသားများ ရိုးရာမပျက် ဆက်လက်နေထိုင်ကြသည့် ဒုန်ညောင်မှိုင်းမော်ကွန်းရွာ၊ စမတ်ကျွန်း (Smart Island) နှင့် သာရဝမ်သဟန်ကြီးကျွန်း စသည့်နေရာများသို့ သွားရောက်လည်ပတ်ကြပါမည်။
မနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ နံနက် ၇:၃၀ နာရီမှ ၈:၀၀ နာရီအတွင်း လာရောက်ခေါ်ဆောင်ပေးမည်ဖြစ်ပြီး၊ ဂရူပါငါးမွေးမြူရေးခြံ၊ သမီးလှကျွန်း၊ လေးကျွန်းနှင့် ကျွန်းမင်းသားကျွန်းများသို့ ရေလမ်းခရီးဖြင့် အလည်အပတ် သွားရောက်လည်ပတ်ကြပါမည်။
မနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှလေဆိပ်သို့ ကားဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး ဤတွင် ခရီးစဉ်အဆုံးသတ်သွားမည် ဖြစ်ပါသည်။
သင့်ရဲ့ နောက်ထပ်စွန့်စားခရီးစဉ်အတွက် အဆင်သင့်ဖြစ်ပြီလား?အေးချမ်းစွာ အပန်းဖြေခရီးထွက်မည့် ပြည်တွင်းခရီးစဉ်ဖြစ်စေ၊ နိုင်ငံတကာခရီးစဉ်ဖြစ်စေ စီစဉ်နေပါက အောက်ပါဖောင်ကို ဖြည့်စွက်ပေးပါ။ ကျွန်ုပ်တို့၏ ခရီးသွားဝန်ဆောင်မှုကျွမ်းကျင်သူများက သင့်လိုအပ်ချက်နှင့် ကိုက်ညီသော ခရီးစဉ်ရွေးချယ်စရာများကို စီစဉ်ပေးပြီး စိတ်အေးချမ်းစွာ ခရီးသွားနိုင်ရန် အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။