၆ညအိပ် ၇ရက်

ဒါနန်း – ဟွိုင်းအန် – ဟနွိုင်း – ဟာလောင်းဘေး – ဆာပါ ခရီးစဉ်

( ညစာ )

ညနေပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒါနန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာပါမည်။ ဒါနန်းသို့ ရောက်ရှိပြီးနောက် ၃/၄ ကြယ်အဆင့် ဟိုတယ်သို့ ပို့ဆောင်ကာ Check-in ဝင်ရောက်ပါမည်။ ထို့နောက် ဒေသခံစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီး ဟိုတယ်တွင် သက်တောင့်သက်သာ ညအိပ်အနားယူပါမည်။

( နံနက်စာ / နေ့လယ်စာ / ညစာ )

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်နိုင်ငံ၏ လှပပြီး လူကြိုက်များသော ကမ်းခြေများထဲမှ တစ်ခုဖြစ်သည့် My Khe Beach သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Son Tra Peninsula ပေါ်တွင် တည်ရှိသော ခမ်းနားလှပသည့် Lady Buddha ရုပ်ပွားတော်ရှိရာ Linh Ung Pagoda သို့ ဆက်လက်သွားရောက်ပါမည်။ လမ်းခရီးတွင် နာမည်ကျော် Dragon Bridge ၌ ခဏတာရပ်နားပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ပါသည်။

နေ့လယ်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ မွန်းလွဲပိုင်းတွင် Cam Thanh Coconut Village သို့ သွားရောက်ကာ ရိုးရာ Bamboo Basket Boat စီးနင်းပြီး အုန်းတောအတွင်းရှိ ထူးခြားသော သဘာဝအလှကို ခံစားနိုင်ပါသည်။

ထို့နောက် အဝါရောင်အဆောက်အအုံများနှင့် ရောင်စုံမီးပုံးများကြောင့် နာမည်ကျော်ကြားသည့် ချစ်စရာကောင်းသော Hoi An Ancient Town သို့ သွားရောက်လည်ပတ်ပါမည်။ ညစာအဖြစ် BBQ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ကာ ညအိပ်အနားယူပါမည်။

( နံနက်စာ / နေ့လယ်စာ / ညစာ )

နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ပြုလုပ်ကာ ဗီယက်နမ်နိုင်ငံ၏ နာမည်ကျော် တောင်ပေါ်အပန်းဖြေစခန်းတစ်ခုဖြစ်သည့် Ba Na Hills သို့ သွားရောက်ပါမည်။ အရှေ့တောင်အာရှတွင် အရှည်လျားဆုံး Cable Car များထဲမှ တစ်ခုဖြစ်သည့် Cable Car စီးနင်းကာ Ba Na တောင်ပေါ်ရှိ French Village သို့ တက်ရောက်ပါမည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၁,၄၈၇ မီတာအမြင့်တွင် တည်ရှိသော Ba Chua Thuong Ngan Pagoda သို့ သွားရောက်ဖူးမြော်ပါမည်။ ထို့နောက် Fantasy Park တွင် စိတ်လှုပ်ရှားဖွယ် အပန်းဖြေကစားနည်းများကို ခံစားပြီး ကမ္ဘာကျော် Golden Bridge သို့ သွားရောက်ကာ လှပသောရှုခင်းများကို ကြည့်ရှု၍ အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ပါသည်။

နေ့လယ်စာကို Ba Na Hills တွင် Buffet ဖြင့် သုံးဆောင်ပါမည်။ မွန်းလွဲပိုင်းတွင် Da Nang Airport သို့ ပို့ဆောင်ကာ ပြည်တွင်းလေကြောင်းဖြင့် Hanoi သို့ ဆက်လက်ထွက်ခွာပါမည်။ Hanoi သို့ ရောက်ရှိပြီးနောက် ညစာသုံးဆောင်ကာ Ha Long Bay သို့ ဆက်လက်ထွက်ခွာပါမည်။ Ha Long Bay သို့ ရောက်ရှိပြီးနောက် ၃ ကြယ်အဆင့် ဟိုတယ်တွင် Check-in ဝင်ရောက်ကာ ညအိပ်အနားယူပါမည်။

( နံနက်စာ / နေ့လယ်စာ / ညစာ )

နံနက်စာသုံးဆောင်ပြီးနောက် Check-out ပြုလုပ်ကာ UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Ha Long Bay သို့ သွားရောက်ပြီး အပျော်စီးသင်္ဘောဖြင့် လှပသောပင်လယ်ပြင်ရှုခင်းများကို ခံစားပါမည်။ထောင်နှင့်ချီသော ထုံးကျောက်ကျွန်းများနှင့် အံ့မခန်းသဘာဝရှုခင်းများကြောင့် နာမည်ကျော်ကြားသည့် Ha Long Bay ရှိ နာမည်ကျော် လိုဏ်ဂူများကို သွားရောက်လေ့လာပြီး သင်္ဘောပေါ်တွင် Seafood နေ့လယ်စာ သုံးဆောင်ပါမည်။

Ha Long Bay လည်ပတ်ပြီးနောက် Hanoi သို့ ပြန်လည်ထွက်ခွာပါမည်။ ညစာကို နာမည်ကျော် Sen Tay Ho Restaurant တွင် Buffet ဖြင့် သုံးဆောင်ပါမည်။ အစားအစာမျိုးစုံ ၂၀၀ ကျော် ပါဝင်သော Buffet ကို ခံစားနိုင်ပါသည်။ညစာသုံးဆောင်ပြီးနောက် Hanoi ရှိ ၃ ကြယ်အဆင့် ဟိုတယ်တွင် Check-in ဝင်ရောက်ကာ သက်တောင့်သက်သာ ညအိပ်အနားယူပါမည်။

( နံနက်စာ / နေ့လယ်စာ / ညစာ )

နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ပြုလုပ်ကာ ဟနွိုင်းမြို့မှ ခန့်မှန်းခြေအားဖြင့် ၆ နာရီခန့် ကြာမြင့်သည့် လှပသော တောင်ပေါ်မြို့လေး Sapa သို့ ထွက်ခွာပါမည်။

လမ်းခရီးတွင် ဒေသခံစားသောက်ဆိုင်၌ နေ့လယ်စာ သုံးဆောင်ပါမည်။ Sapa သို့ ရောက်ရှိပြီးနောက် တောင်တန်းရှုခင်းများကို အံ့မခန်းမြင်တွေ့နိုင်သည့် ဒေသ၏ စိတ်လှုပ်ရှားဖွယ် အထင်ကရနေရာတစ်ခုဖြစ်သော Rong May Glass Bridge (Cloud Dragon Glass Bridge) သို့ သွားရောက်လည်ပတ်ပါမည်။ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ၃ ကြယ်အဆင့် ဟိုတယ်တွင် Check-in ဝင်ရောက်ကာ ညအိပ်အနားယူပါမည်။

( နံနက်စာ / နေ့လယ်စာ / ညစာ )

နံနက်စာသုံးဆောင်ပြီးနောက် ထူးခြားဆန်းသစ်သော ရုပ်တုများ၊ အရွယ်ကြီး လက်ပုံစံအဆောက်အအုံများနှင့် တောင်တန်းရှုခင်းများကို တစ်ပြိုင်နက်ခံစားနိုင်သည့် Sapa ၏ လူကြိုက်များသော ဓာတ်ပုံရိုက်နေရာတစ်ခုဖြစ်သည့် Moana Café သို့ သွားရောက်လည်ပတ်ပါမည်။

ထို့နောက် Cat Cat Village သို့ ဆက်လက်သွားရောက်ကာ ဒေသခံတိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှု၊ ရိုးရာဝတ်စုံများ၊ တေးဂီတနှင့် အကအလှများကို လေ့လာခံစားနိုင်ပါသည်။ဆက်လက်၍ ဗီယက်နမ်နိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်ပြီး “အင်ဒိုချိုင်းနား၏ ခေါင်မိုး” ဟု တင်စားခေါ်ဝေါ်ကြသည့် Fansipan Mountain သို့ Cable Car စီးနင်းကာ တက်ရောက်ပါမည်။

တောင်ပေါ်ရှိ Amitabha Buddha Statue ကို ဖူးမြော်ကြည်ညိုပြီး ခမ်းနားလှပသော တောင်တန်းရှုခင်းများကို ကြည့်ရှုခံစားနိုင်ပါသည်။ နေ့လယ်စာကို တောင်ပေါ်တွင် Buffet ဖြင့် သုံးဆောင်ပါမည်။

ထို့အပြင် တောင်ထိပ်အနီးတွင် တည်ရှိသည့် ကြီးမားသော ကြေးဝါဗုဒ္ဓရုပ်ပွားတော်အား သွားရောက်ဖူးမြော်ကြည်ညိုနိုင်ပါသည်။ ညနေပိုင်းတွင် တောင်ပေါ်မှ ပြန်လည်ဆင်းလာပြီး ဒေသထွက် ဗီယက်နမ်အစားအစာများဖြင့် ညစာသုံးဆောင်ကာ ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပြီး ညအိပ်အနားယူပါမည်။

( နံနက်စာ / နေ့လယ်စာ )

နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ပြုလုပ်ကာ ဟနွိုင်းမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ဟနွိုင်းသို့ ရောက်ရှိပြီးနောက် ဒေသခံစားသောက်ဆိုင်တွင် နေ့လယ်စာ သုံးဆောင်ပြီး Hanoi City Tour ကို စတင်ပါမည်။

ထို့နောက် Ho Chi Minh Mausoleum၊ Ho Chi Minh’s Stilt House၊ ထူးခြားသည့် One Pillar Pagoda နှင့် ဟနွိုင်းမြို့၏ အကြီးဆုံးနှင့် အကျော်ကြားဆုံးရေကန်ဖြစ်သည့် Hoan Kiem Lake တို့ကို သွားရောက်လည်ပတ်ပါမည်။ ထို့အပြင် Old Quarter တွင် အမှတ်တရပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများ ဝယ်ယူရန် အားလပ်ချိန် ရရှိပါမည်။

ညနေပိုင်းတွင် Hanoi International Airport သို့ ပို့ဆောင်ကာ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။ လေယာဉ်ပေါ်တွင် ညစာ သုံးဆောင်ပါမည်။ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိပြီး မမေ့နိုင်သော အမှတ်တရများနှင့်အတူ ခရီးစဉ်ကို အဆုံးသတ်ပါမည်။

ပါဝင်သော ဝန်ဆောင်မှုများနှင့် ပါဝင်မည်မဟုတ်သော ဝန်ဆောင်မှုများ

ပါဝင်သော ဝန်ဆောင်မှုများ
  • ကြယ်၃ပွင့်-၄ပွင့် အဆင့်ရှိ ဟိုတယ်များတွင် ၄ ည တည်းခိုခွင့်
  • နိုင်ငံတကာ အသွားအပြန် လေယာဉ်လက်မှတ်
  • ခရီးစဥ်တွင် သတ်မှတ်ထားသည့်အတိုင်း အစားအသောက်များ (နံနက်စာ၊ နေ့လယ်စာ၊ ညစာ)
  • ခရီးစဥ်တွင်ပါရှိသည့် လည်ပတ်မည့်နေရာများ၏ ဝင်ကြေးများ အားလုံး
  • ခရီးစဉ်တစ်လျှောက်လုံး အဲကွန်းပါတဲ့ ကားနဲ့ သက်တောင့်သက်သာ လိုက်ပါပို့ဆောင်ပေးခြင်း
  • မြန်မာနိုင်ငံခရီးစဉ်တာဝန်ခံ (ခရီးသည် ၁၀ ဦးနှင့်အထက် အုပ်စုများအတွက် အကျုံးဝင်ပါသည်)
  • အင်္ဂလိပ်ဘာသာစကား ပြောဆိုနိုင်သော ခရီးသွားလမ်းညွှန်
  • ခရီးသွား အာမခံ အကျုံးဝင်မှုများ
မပါဝင်သော ဝန်ဆောင်မှုများ
  • ဟိုတယ်၊ ဘား နှင့် အခြားဆိုင်များရှိ စားသောက်စရိတ်များ အပါအဝင် ကိုယ်ရေးကိုယ်တာ သုံးစွဲစရိတ်များ
  • ခရီးစဉ်အသေးစိတ်တွင် မပါဝင်သော အခြား ရွေးချယ်စရာ လည်ပတ်မှုများနှင့် ခရီးစဉ်များ
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းအတွက်ဆုကြေးငွေ
ဆက်သွယ်ရန်

ယုံကြည်စိတ်ချစွာဖြင့် သင့်အတွက် ထူးခြားသောခရီးစဉ်ကို စီစဉ်လိုက်ပါ

သင့်ရဲ့ နောက်ထပ်စွန့်စားခရီးစဉ်အတွက် အဆင်သင့်ဖြစ်ပြီလား?အေးချမ်းစွာ အပန်းဖြေခရီးထွက်မည့် ပြည်တွင်းခရီးစဉ်ဖြစ်စေ၊ နိုင်ငံတကာခရီးစဉ်ဖြစ်စေ စီစဉ်နေပါက အောက်ပါဖောင်ကို ဖြည့်စွက်ပေးပါ။ ကျွန်ုပ်တို့၏ ခရီးသွားဝန်ဆောင်မှုကျွမ်းကျင်သူများက သင့်လိုအပ်ချက်နှင့် ကိုက်ညီသော ခရီးစဉ်ရွေးချယ်စရာများကို စီစဉ်ပေးပြီး စိတ်အေးချမ်းစွာ ခရီးသွားနိုင်ရန် အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။

⇡